Friday, December 28, 2012
OSI model (or) OSI 7 Layer အပိုင်း(၂)
(4)Transport Layer
                 Transport Layer ကတော့ ( End to End reliable communication )
အစွန်းနှစ်ဖက် ကို စိတ်ချရအောင်ဆောင်ရွက်ပေးတဲ့ Layer ဖြစ်ပါတယ် ။ဘယ်လို အ
စွန်းနှစ်ဖက် လဲဆိုတော့ Upper Layer နဲ့ Lower Layer တွေရဲ့ ကြားမှာ ကြားခံ
Layer အဖြစ်နဲ့ အလုပ်လုပ်ပါတယ် ။ Upper Layer မှာလာတဲ့ အရွယ်အစား ကြီး
မားတဲ့ Data တွေကို အရွယ်အစားသေးငယ်ပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်အောင်
transport layer က လုပ်ဆောင်ပေးပါတယ် ။ အဲဒီလုပ်ငန်း စဉ်ကို segmentation
လို့ ခေါ်ပြီး Data အပိုင်းအစ တွေကို segment လိုခေါ်ပါတယ် ။ Transport Layer ရဲ့
အဓိက လုပ်ဆောင်မူကတော့ တစ်ဖက်ပို့လိုက်တဲ့ data တွေကို လက်ခံယူတဲ့အခါ အမှား
အယွင်းမရှိ ပြည့်ပြည့် စုံစုံရရှိအောင် တာဝန်ယူဆောင်ရွက်ပေးပါတယ် ။ နောက်ပြီး
flow control လို့ခေါ်တဲ့ လက်ခံသူမှ data တွေကို ဘယ်လောက်မြန်နူန်း ဖြင့် လက်
ခံရယူနိုင်သလဲ ဆိုတဲ့ ပေါ်မူတည်ပြီး transmit လုပ်ခြင်းကို လဲ လုပ်ဆောင်ပါတယ် ။
transport layer မှာ အလုပ်လုပ်တဲ့ protocol တွေကတော့ TCP , UDP ,Net BEUI
SPX protocol ....... စသဖြင့် ရှိပါတယ် ။ Transmission mothod အပေါ်မူတည်ပြီး
protocol တွေအနေနဲ့ connection oriented နှင့် connectionless ဆိုပြီး နှစ်မျိုး
ကွဲပါတယ် ။ TCP ( Transmission Control Protocol ) ဟာ connection
 oriented protocol အမျိုးအစားဖြစ်ပြီး UDP (User Datagram Protocol )
ကတော့ connectionless အမျိုးအစားဖြစ်ပါတယ် ။ အဲဒါကို တော့ အသေး
စိတ်မရှင်းပြတော့ ပါဘူး ။ Network layer သွားရအောင်
(5) Network layer
           Network layer ရဲ့ လုပ်ဆောင်မူကတော့ Addressing နှင့် Routing တို့ ဖြစ်ပါတယ်။
Addressing ကတော့ network ထဲ မှာရှိသမျှ computer တွေကိုမည်သည့် Device နှင့်မှ မ
တူတဲ့ Address Number သတ်မှတ်ပေးချင် ဖြစ်ပါတယ် ။ Address Number နှစ်မျိုးရှိပါတယ် ။
IP adderss လို့ ခေါ်တဲ့ ( Logical Address ) နှင့် MAC address လို့ ခေါ်တဲ့ (Physical)
Address ) ဖြစ်ပါတယ် ။ Network Layer protocol တွေသည် Transport Layer မှရောက်လာ
တဲ့ segment တွေမှာ source နှင့် destination address ထည့်သွင်းခြင်း များကို လုပ်ဆောင်ပါ
တယ် ။ အဲဒီ source နှင့် destination address များ သည် IP ( logical address ) များဖြစ်ပါတယ် ။
        Routing လုပ်ငန်းစဉ်ကတော့ destination သို့ data မပို့ခင် ဘယ်လမ်းကြောင်းမှ ပေးပို့ ခြင်း
သည် အမြန်ဆုံး နှင့် အကောင်းဆုံး ဖြစ်မလဲ ဆိုတာကို ဆုံးဖြတ်ပေးပါတယ် ။ နောက်တစ်ခု က
Network တစ်ခုမှ အခြား Network တစ်ခု သို့ data ပေးပို့တဲ့ အခါမှာ Routing သည် အဓိက
နေရာမှာ ပါဝင်ပါတယ် ။ အဲဒီလို အမြန်ဆုံး နှင့် အကောင်းဆုံး ရောက်ရှိနိုင်မယ့် လမ်းကြောင်း
ရွေးချယ် ဆုံးဖြတ်ခြင်းကို Routing လို့ခေါ်ပါတယ်။ Router များသည် Network Layer တွင် အလုပ်
လုပ် ကြပြီး ၄င်း တို့ကို Layer 3 Devices လို့လဲ ခေါ်ပါတယ် ။
(6) Data Link Layer
                OSI Model ရဲ့ ဒုတိယမြောက် Layer လဲဖြစ်ပါတယ် ။ သူက ဘာလုပ်ပေးလဲ ဆိုတော့
Network Layer က လာတဲ့ Packet တွေကို header နှင့် trailer တို့ ထည့်သွင်းပြီး frame တစ်ခု
တည်ဆောက် ပါတယ် ။ header ထဲမှာ ဆိုရင် source နှင့် destination address ကို ထည့်သွင်းပါ
တယ်။ ဒီ Layer မှာ ထဲတဲ့ address တွေကတော့ MAC (Physical Address ) ဘဲ ဖြစ်ပါတယ် ။
အဲဒီမှာ Network Layer ကတပ်တဲ့ IP ( logical address ) နှင့် Data Link Layer က တပ်တဲ့
MAC ( Physical address ) တို့ မပါရှိလျှင် Packet တွေသည် လိုရာခရီးကို ရောက်မှာ မ
ဟုတ်ပါဘူး ။ Fram တစ်ခု network ထဲ ရောက်ရှိလာပြီး ဆိုရင် network ထဲ မှ computer တိုင်း
သည် packet frame အတွင်းပါလာသော Destination MAC address ကို ကြည့်ရူ ကြပါတယ် ။
အဲဒီ destination mac address သည် မိမိ၏ MAC addrss နှင့် တူနေတယ် ဆိုရင် အဲဒီ
frame ကို လက်ခံပြီး Network Layer သို့လွှဲအပ်လိုက်ပါတယ် ။ တကယ်လို့ မိမိ mac address
နှင့် မတူဘူးဆိုရင် အဲဒီ frame ကို လျစ်လျူရူ လိုက်မှာ ဖြစ်ပါတယ် ။ နောက်လုပ်ငန်းစဉ် တစ်ခု
က အဲဒီ ရောက်လာတဲ့ frame တွေဟာ Error- Frame တွေ ဖြစ်နေခဲ့မယ်ဆိုရင်လဲ နောက်တစ်
ကြိမ် ပြန်ပို့ပေးရန် Data Link Layer ကဘဲ ညွှန်ကြားမှာ ဖြစ်ပါတယ် ။ နောက်တစ်ခုက Data
Collision ဖြစ်ခြင်းမှ ကာကွယ်နိုင်ရန် Access Method များနှင့်လဲ ထိန်းကျောင်းပေးတဲ့ layer
ဖြစ်ပါတယ် ။ Ethernet Network တွေမှာ ဆိုရင် CSMA/CD (Carrier Sences Multiple Access
with Collsion Detection ) ဆိုတဲ့ Access method ကို အသုံးပြုပြီး Ring Network တွေမှာ ဆိုရင်
Token passing ကို အသုံးပြုကြပါတယ် ။ DATA Link Layer မှာ အလုပ်လုပ်တဲ့ Device များကို
Layer 2 Device လို့ခေါ်ပါတယ် ။ Bridge နှင့် switch တွေသည် DATA link layer တွင် အလုပ်
လုပ်ပါသည် ။
(7) physical Layer
            OSI 7 Layer ရဲ့ အောက်ဆုံးအလွှာဖြစ်ပါတယ် ။ Network ချိတ်ဆက်ရာတွင်
           အသုံးပြုရမယ် cable အမျိုးအစား ၊အကွာအဝေး ၊ အသုံးပြုရမည့် connector    တို့ကိုဆုံးဖြတ်ပေးပါတယ် ။Data Link Layer မှလာသော frame များကို
electric signal အဖြစ်ပြောင်းလည်းပေးပြီး ၊ကိုယ့်ဆီဝင်လာတဲ့
electric signal များကိုလည်း Network Bit များအဖြစ်
လက်ခံရယူပါတယ် ။ Hub နှင့် Repator တို့သည် physical layer တွင်
လုပ်ဆောင်ကြပါတယ် ။NIC တွေကတော့ physical layer နှင့်
data link layer နှစ်ခုစလုံးမှာ အလုပ်လုပ်ပါတယ် ။
                                                                 ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။
Read more
Saturday, December 15, 2012
OSI Model (OSI 7 Layer) အပိုင်း (၁)
                Network ပေါ်မှာ ကွန်ပျူတာ တစ်လုံးနှင့် တစ်လုံး Data အပြန်အလှန်
ပေးပို့နေပုံ ကို မျက်စိဖြင့် မမြင်နိုင်ပေမယ့် ISO ( International Standard Organization )
မှ Developed လုပ်ထားတဲ့ Network model တစ်ခု လိုက်နာအသုံးပြုပြီး communicate လုပ်
ကြပါတယ် ။ ၄င်း Network model ကို OSI ( Open System Interconnection ) လို့ ခေါ်ပါ
တယ် ။ OSI model ကို Layer 7 ခု ဖြင့် တည်ဆောက်ထားသောကြောင့် 7 Layer လို့လည်း
ခေါ်ပါတယ် ။ OSI model ကို 1977 တွင် ISO မှစတင်ပြီး Developed လုပ်ခဲ့ ကြပါတယ် ။
OSI model သည် TCP/IP တို့လို့ protocol မျိုးမဟုတ်ပါဘူး ။ လိုက်နာပြီး လုပ်ဆောင်သင့်တယ်
လို့ အကြံပြုထားတဲ့ Network model တစ်ခု ဖြစ်ပါတယ် ။ protocol တွေကို ဖန်တီးမယ့်
programmer တွေဟာလဲ OSI model အောက်မှာ အကျုံးဝင်အောင် ရေးသားကြပါတယ် ။
အဲဒီလို OSI model ကို လိုက်နာ ပြီး ပုံစံထုတ်ရေးသားထားတဲ့ Protocol တွေသားလျှင်
အခြား network တွေနှင့် ချိတ်ဆက် တဲ့နေရာမှာ အခက်အခဲ မရှိ မှာဖြစ်ပါတယ် ။
ထို့ကြောင့် TCP/IP အပါဝင် network protocol တော်တော်များများသည် OSI ဘောင်
အတွင်းဝင်အောင် ရေးသားထားကြပါတယ် ။ အောက်ပါပုံတွင် computer တစ်လုံး မှ
အခြားကွန်ပျူတာ တစ်လုံးသို့ Data flow သွားရာလမ်းကြောင်းကို OSI model ဖြင့်
ဖော်ပြထားပါတယ် ။
 ပုံမှာ ပြထားတဲ့ သလို ကွန်ပျုတာ နှစ်လုံး Data ဖလှယ် မယ်ဆိုရင်  Source လိုခေါ်
တဲ့ Data ပေးပို့မယ် computer ရဲ့ application layer မှ စပြီး physical layer ထိ ဆင်း
တစ်ဆင့်ချင်းဆင်းသွား ပါလိမ့်မယ် ။ ၄င်း physical layer မှ Data တွေကို cable ပေါ်
သို့ transmit လုပ်ပါတယ် ။ ထိုမှတစ်ဖန် Data လက်ခံမယ့် စက် (destination ) သို့ ရောက်
တဲ့ အခါ physical layer မှ စပြီး တစ်ဆင့် ချင်းတက်ပြီး နောက်ဆုံး application layer သို့
ရောက်ရှိပါတယ် ။
 (1)Application Layer
              Application Layer သည် OSI model ရဲ့ အပေါ်ဆုံး အလွှာဖြစ်ပြီး
user နဲ့ တိုက်ရိုက်ထိတွေရတဲ့ Layer လည်းဖြစ်ပါတယ် ။ ဒီနေရာမှာ တစ်ခုပြော
စရာ ရှိတာက Appilcation Layer ဆို တော့ photoshop တို့ word တို့ excel တို့
အလုပ်တဲ့ Layer လားလို့ မေးစရာ ရှိပါတယ် ။ Application Layer ထဲ မှာ အဲဒီ
software application တွေမပါပါဘူး ။ Network နဲ့ ပတ်သတ်တဲ့ services တွေ
အလုပ်လုပ်တဲ့ အခါ အသုံးပြုတဲ့ application protocol တွေအလုပ်လုပ်တဲ့ Layer
ဖြစ်ပါတယ် ။ တစ်နည်းပြောရ ရင် Network နဲ့ ပတ်သတ်တဲ့ services တွေကို
ထမ်းဆောင်တဲ့ Layer လည်းဖြစ်ပါတယ် ။ Application Layer မှာ အလုပ်လုပ်တဲ့
protocol တွေကတော့ HTTP (Hypertext Transfer Protocol ) , FTP (File
Transfer protocol ) , SMTP (Simple Mail Transfer Protocol ) , .......
စတဲ့ protocol တွေအလုပ်လုပ်ကြပါတယ် ။
(2)Presentation Layer 
                      Presentation Layer ဟာ OSI ရဲ့ ၆ ခုမြောက်အလွှာ ဖြစ်ပါတယ်။
ဒီ persertation layer  က ဘာအလုပ်လုပ်သလဲ ဆိုတော့ presentation ,
compression, encryption ဆိုတဲ့ လုပ်ငန်းစဉ် ၃ ခုကို အဓိက လုပ်ဆောင်ပါတယ် ။
တစ်ဖက်ကပို့လိုက်တဲ့ data ကို တစ်ဖက်က လက်ခံမယ့်သူဘက်မှ process လုပ်နိုင်
အောင် transalator အဖြစ်နဲ့ လုပ်ပေးတာဟာ presentation layer ရဲ့ လုပ်ငန်းစဉ်
ပါဘဲ ။ ဘာကို transalate လုပ်ပေးလဲ ဆိုရင် အခုလက်ရှိအသုံးပြု နေကြတဲ့ ကွန်
ပျုတာတော်တော် များများရဲ့ language code တွေသည် ASCII (American Standard
Code for Information Interchange ) ကို အသုံးပြုပါတယ် ။ ASCII  language code
သည် 1 charator ကို 8 bit နဲ့ အလုပ်လုပ်ပါတယ် ။ ဒါပေမယ့် IBM Mainframe လို တစ်
ချို့ ကွန်ပျုတာ တွေမှာတော့ EBCDIC ( Extended Binary Coded Decimal Interchange
Code ) ဆိုတဲ့ language code ကို သုံးကြပါတယ် ။ EBCDIC  code ကတော့က 1
charator ကို 7 bit နဲ့ အလုပ် လုပ်ပါတယ် ။ အဲဒီ Language code မတူတဲ့ Computer
အချင်းချင်း data ဖလှယ်မယ်ဆိုရင် ASCII မှ EBCDIC သို့ EBCDIC မှ ASCII သို့ အပြန်
အလှန် Translate လုပ်ပေးပါတယ် ။
Compression ဆိုတဲ့ လုပ်ငန်းစဉ်ကတော့ ရှင်းပါတယ် ။ Network ထဲမှာ Data ပို့ ရင်
အရွယ်အစား ငယ် သွားအောင် ချုံပေးပြီး(compression ) တစ်ဖက် က data လက်ခံ မယ့်
ဘက်ရောက် တော့ uncompress ပြန်လုပ်ပေးပါတယ် ။
Encryption ကတော့ ကိုယ့်ပို့ လိုက်တဲ့ data တွေကို secure ဖြစ်အောင် Encrypt (စကားဝှက်)
လုပ်ပြီး ပို့ပါတယ် ။ တစ်ဖက် က ပြန်လက်ခံ ရင်  Dencrypt ပြန်လုပ်ပေးတဲ့ လုပ်ငန်းစဉ်ကို
လုပ်ဆောင်ပေးပါတယ် ။
(3)Session Layer
                 Session Layer ကတော့ အလွယ်ပြောရင် connection တည်ဆောက်ပေးတဲ့
layer ဖြစ်ပါတယ် ။ Network ပေါ်မှာ Computer နှစ်လုံး Data ဖလှယ် မယ်ဆိုရင် အဲ
ဒီ computer နှစ်လုံး ကြားမှာ connection တစ်ခု ရလာအောင် ဆောင်ရွက်ပေးတဲ့ လုပ်ငန်း
စဉ် ကို session layer က လုပ်ဆောင်ပါတယ် ။ Connection ရသွားပြီဆိုရင်လဲ 
Simplex , half duplex နှင့် full duplex ဆိုတဲ့ mode သုံး mode ထဲက ဘယ် mode ကို
အသုံးပြု ပြီး connection တည်ဆောက်မလဲ ဆိုတာ ကို ဆုံးဖြတ်ပေးပါတယ် ။အဲဒီ လုပ်
ငန်းစဉ် ကို dialog control လိုခေါ်ပါတယ် ။ ဥပမာ File တွေကိုအသုံးပြု ရန် File
Server ကို Client က လှမ်းချိတ် တဲ့ အခါ File Server မှာ ရှိတဲ့ Session Layer
Protocol တွေနဲ့ client computer မှာ ရှိတဲ့ session layer protocol တို့ အချင်းချင်း
ညှိနိုင်း ပြီး Connection တစ်ခု တည်ဆောက်ပေးပါတယ် ။ အဲဒီလို တည်ဆောက်ထား
တဲ့ connection ဟာအကြောင်းအမျိုးမျိုး ကြောင့် Disconnect ဖြစ်သွားတယ် ဆိုရင်
လည်း session layer protocol က သိရှိပြီး ထပ်မံချိတ်ဆက် ဖို့ ကြိုးစားပါတယ် ။
သတ်မှတ်ထားတဲ့ အချိန် အတိုင်းအတာ ထိအောင် File Server ကို လှမ်းချိတ်လို့ မရ
တော့ဘူး ဆိုရင်တော့ session ကို ပိတ်ပစ်ပြီး error အနေဖြင့်ကြောင်းကြားပေးပါတယ် ။
(ဆက်လက်ဖော်ပြပါမည်)
                                                                                       ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။
Read more
Friday, December 14, 2012
Bad Sector ဆိုတာ ဘာလဲ ။ Bad Sector ဘာကြောင့်ဖြစ်ရသလဲ ။ Bad Sector ဖြစ်လာရင်လာလုပ်မလဲ
          Bad Sector ဆိုတဲ့ အခေါ်အဝေါ်ကို တစ်ချို့လဲကြားဖူးရင်ကြားဖူးမယ်
တစ်ချို့လဲစိမ်းနေနိုင်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ကြားဖူးသည်ဖြစ်စေ
မကြားဖူးသည်ဖြစ်စေ ကွန်ပျူတာအသုံးပြုသူတိုင်း မလွဲမသွေ
ကြုံတွေ့ရမယ် ပြဿနာတစ်ခုဖြစ်ပါတယ် ။ ဒါကြောင့် ဒီပိုဒ့်လေးကို
ဖော်ပြလိုက်ပါတယ် ။
Bad Sector ဆိုတာဘာလဲ ?
                Bad Sector ဆိုတာ Hard Disk ရဲ့ Data သိမ်းဆည်းတဲ့
 မျက်နှာပြင်ပေါ်မှာဖတ်၍မရတော့သောအ၀န်းအ၀ိုင်း (ဧရိယာ)များကို
Bad Sector လို့ခေါ်ပါတယ် ။ ကိုယ့်ရဲ့ Data တွေ ၊ information တွေဟာ
၎င်း Bad Sector ပေါ်မှာကျရောက်နေပြီဆိုရင်တော့ အဲဒီ Data တွေကိုပြန်ခေါ်ဖို့
 Recover လုပ်ဖို့ခဲယဉ်းပြီးဖြစ်ပါတယ်။
  Bad Sector ဘာကြောင့်ဖြစ်ရသလဲ ?
              Bad Sector ဘာကြောင့်ဖြစ်ရသလဲဆိုရင်
    -   Hard Disk အပူချိန် မြင့်တက်လာခြင်း
   -    Voltage မတည်မငြိမ် ဖြစ်ခြင်း
   -    Hard Disk ကိုယ်တိုင်ကိုက အချိန်ကြာလာခြင်း
   -    Head Crash ဖြစ်ခြင်း စသည့်အကြောင်းများ ကြောင့် Bad Sector
        ဖြစ်တက်ပါတယ် ။
 Bad Sector ဖြစ်ရင်ဘယ်လို လက္ခဏာ တွေပြလဲ ?
    Bad Sector ဖြစ်ရင်ဘယ်လို လက္ခဏာတွေပြသလဲ ဆိုရင်
 -   Hard Disk ရဲ့ အလုပ်လုပ်တဲ့ လုပ်ငန်းစဉ်နှေးလာခြင်း
-    ဖိုင်တစ်ခုခေါ်ဖို့ ၊ Window တက်ဖို့ ကြာလာခြင်း
-    တစ်ခါတစ်ရံ Window စအတက် Window Loading
      လုပ်တဲ့နေရာရောက်ရင် Restart ပြန်ဖြစ်သွား
       လိုက် ပြန်တက်လာလိုက် ဖြစ်ခြင်း
-      Hard Disk လုံးဝ မတက်တော့တဲ့အထိဖြစ်ခြင်း စသည့်
        လက္ခဏာများဖြစ်ပါတယ်။
 ဘယ်လိုကာကွယ်ရမလဲ?
        ဘယ်လိုကာကွယ်ရမလဲဆိုရင် Bad Sector စစဖြစ်ခြင်းဆိုရင်တော့
Scandisk ကို Autofix နှင့ှ်Surface ကိုပါ Run ပေးရပါမယ် ။
 အဲဒါဆိုရင် Bad Sector ပေါ်က Data တွေကို တစ်ခြားနေရာသွားထားပေးပါတယ်။
အဲဒီ Bad Sector ရှိတဲ့ နေရာကို လည်းအမှတ်အသားလုပ်လိုက်ပြီး နောက်ထက်
Data တွေမသိမ်းနိုင်အောင်လုပ်ထားလိုက်ပါတယ် ။
(မှတ်ချက် ။    ။  Bad Sector ကြောင့်တော်တော်အခြေအနေဆိုးနေတဲ့ အချိန်မျိုးကျမှ
                      ဒီ Scandisk တို့ Chkdsk တို့ကို မ Runသင့်ပါ ။ အဲဒီအချိန်ကျမှ Run
                      လိုက်ရင် Hard Disk ထဲက Data တွေကို Recovery လုပ်လို့မရတော့တာမျိုး
                       ဖြစ်တက်ပါတယ်။)
 ဘယ်လိုရှင်းမလဲ ?
       Bad Sector ကြောင့်တော်တော် အခြေအနေဆိုးနေတဲ့ အခါမျိုးဆိုရင်တော
့ Hard Disk Generator Tool လို Software မျိုးကို အသုံးပြုနိုင်ပါတယ် ။
နောက်တစ်နည်းက တော့ Hard disk ကို Low Level Fomat ရိုက်ခြင်းဘဲဖြစ်ပါတယ်။
သူကတော့ Hard disk မျက်နှာပြင်ပေါ်က Bad Sector တွေကို ကော်ပတ် နဲ့စားလိုက်သ
လိုမျိုးလုပ်ဆောင်ပါတယ် ။ Hard disk တစ်လုံးကို Low Level Fomat (၃) ကြိမ်ဘဲ ရိုက်လို့ရပါတယ် ။
 ( မှတ်ချက် ။    ။ Low Level Fomat ကတော့ နောက်ဆုံးဆင့်လို့
                      ပြောလို့ရပါတယ် ။ Fomat ရိုက်နေရင်နဲ့          လဲပျက်ဆီးသွားနိုင်သလို ပြန်ကောင်းလာတာမျိုးလဲရှိပါတယ် ။
 အတိအကျပြောလို့မရပါ ။)
                                                                        ငြိမ်းချမ်းပျော်ရွှင်ကြပါစေ ။
Read more
Sunday, October 21, 2012
Ubuntu တွင် Google Earth 6.2 ကို အသုံးပြုချင်ရင်
 Google Earth ကို ubuntu တွင် install လုပ်ချင်ရင်
             Terminal ထဲမှာ အောက်ပါ command များကို ရိုက်ထည့်ပေးပါ ။
                  Step : (1)  sudo apt-get update
                  Step : (2) sudo apt-get install lsb-core msttcorefonts
                 Step  : (3) wget -O google-earth-stable_current_i386.deb http://goo.gl/iZT7r
                                         ဒီနေရာမှာ နည်းနည်း ကြာနိုင်ပါတယ် ။ သူက Google Earth
                                         ကို download လုပ်နေတာ ဖြစ်ပါတယ် ။ connection အပေါ်
                                         မူတည်တာပေါ့ ။
                   Step : (4)  sudo dpkg -i google-earth-stable_current_i386.deb
                     ပြီးသွားရင် computer ကို restart လုပ်ပေးလိုက်ပါ ။
                     ပြန်တက်လာရင် start bar မှာ Application > Internet > မှာ Google Earth
                     ဆိုပြီး ရောက်နေပါလိမ့်မယ် ။
                                                                                               ငြိမ်းချမ်းပျော်ရွှင်ကြပါစေ ။
Read more
Tuesday, October 16, 2012
windows 7 ftp server installation and configuration
 ကျွန်တော် ဒီတစ်ခါပြောပြချင်တာကတော့ windows7 မှာ file server ပြုလုပ်နည်းပါ ။
ကဲစလိုက်ရအောင်
          step: (1)  control panel ထဲက program and feature ထဲ
               အဲဒီမှာ ဘောင်ခတ်ပြထားတဲ့ထဲကို ၀င်လိုက်ပါ ။အောက်ကပုံပေါ်လာပါလိမ့်မယ် ။
အဲဒီမှာကျွန်တော် ဘောင်နဲ့ ပြထားတဲ့ check box တွေကို on ပေးရမှာပါ ။ ပြီးရင်တော့ ok ပေါ့ ။ install လုပ်နေပါလိမ့်မယ် ခဏ စောင့်လိုက်ပါ ။ပြီးရင်
             step :(2)       control panel ထဲက Administrative Tool ထဲက
                                Internet Information Services (IIS) Manager
                                 ဆိုတဲ့ ထဲကိုဝင်ပေးပါ ။ အောက်ပါအတိုင်းတွေ့ရပါမယ် ။
                            အပေါ်ပုံမှာပြထားတဲ့အတိုင်း tree လေးတွေကို ဖြည့်ချလိုက်ပါ ။
                             ပြီးရင် Site ဆိုတဲ့ပေါ်မှာ Right Click နှိပ်ပြီး
                             Add FTP Site ဆိုတာကို ရွေးပေးပါ ။
                          အဲဒီမှာ FTP site name ကတော့ FTP name ပါ ။ကြိုက်တာပေးလို့ရပါတယ် ။
                           Physical path မှာ တော့ ကိုယ် share ချင်တဲ့ folder
                           လမ်းကြောင်းကို ရွေးပေးရပါမယ် ။
                           ပြီးရင်တော့ Next ပေါ့ ။ အောက်ပုံပေါ်လာပါမယ် ။
                           IP Address မှာ ကိုယ် စက်ရဲ့ IP ကို ရွေးပေးပါ ။ Port ကတော့
                            ပြင်စရာ မလိုပါဘူး ။
                           SSL မှာ No SSL ကို ရွေးပေးပါ ။ ပြီးရင် Next ပါ ။
                              အဲဒီမှာလဲ ကျွန်တော်ပုံမှာ ဘောင်ခတ်ပြထားတဲ့ အတိုင်း ရွေးပေးပါ ။
                              special user name မှာ ကိုယ်စက် ရဲ့ user name ကို
                              ထည့်ပေးရမှာပါ ။အဲဒီ account နဲ့ ftp ကို ၀င်ရမှာပါ ။
 မှတ်ချက် ။     ။ computer မှာ နောက်ထက် user account တွေ ထက်ဆောက်ပြီး
                          special user မှာ Roll ထက် Add လို့ရပါတယ် ။
                 Step: (3) ဒါဆိုရင် ftp configure လုပ်တာပြီးသွားပါပြီး ။
                                ကျွန်တော်တို့ firewall ကို ပိတ်ပေးရပါမယ်
                               control panel ထဲ က firewall ထဲကို ၀င်ပေးပါ။
                                ဘောင်ခတ်ပြထားတဲ့ ပေါ်မှာ နှိပ်ပါ ။
                                  ပုံမှာ ပြထားတဲ့ အတိုင်း FTP Server မှာ check box တွေ ရွေးပေးပါ ။
                              ပြီးသွားရင် control panel ထဲက firewall ထဲက
                              Turn Window firewall on or off  ကို နှိပ်ပါ ။
                            Turn off windows firewall  ကို ရွေးပေးပါ ။
                           ဒါဆိုရင် file server အသုံးပြုလို့ရပါပြီး ။
                        ftp server ကို သုံးမယ် ဆိုရင် ၀င်သုံးချင်တဲ့ စက်က browser မှ
                         server ip နဲ့ လှမ်းခေါ်ရပါမယ်
                         e.g   ftp://192.168.1.83 (ip နေရာမှာ ftp server ip ထည့်ရပါမယ် )။
                            အပေါ်ပုံအတိုင်း user name နဲ့ password တောင်းရင်အဆင်ပြေပါ ပြီး ။
                                                                 ငြိမ်းချမ်းပျော်ရွှင်ကြပါစေ ။
Read more
Ubuntu တွင် cisco packet tracer ထည့်သွင်းခြင်း
 ဒါကတော့ network သမားများအတွက်ပါ ။ ပထမဦးဆုံး PacketTracer533_i386_installer-deb.bin ကို အောက်က link မှာ down လိုက်ပါ ။
       ဒီမှာယူပါ
downပြီးသွားရင် download ဆိုတဲ့ အခန်းထဲမှာ PacketTracer533_i386_installer-deb.bin ဆိုတဲ့ bin ဖိုင်လေးရောက်နေပါမယ်။ အဲဒါလေးကို Desktop ပေါ် copy ကူးတင်လိုက်ပါ ။
ပြီးရင် Terminal ကို သွားပြီး အောက်က command များကို ရိုက်ထည့်ပေးပါ ။ ပုံနှင့်လည်း ပြထားပါတယ် ။
               $ cd Desktop
               $ ls
               $ sudo chmod +x PacketTracer533_i386_installer-deb.bin
                  password ရိုက်ပေးပါ ။
               $ ./ PacketTracer533_i386_installer-deb.bin
ဒါဆိုရင်အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မယ် ။
            အဲဒီမှာ Do you accept the terms of this EULA (Y) yes / (N) no ဆိုတာပေါ်လာရင်
             y ကို နှိပ်ပြီး Enter ခေါက်လိုက်ပါ ။
              Application > Internet > Cisco Packet Tracer ထည့်ကို ရောက်နေပါလိမ့်မယ် ။
                                                                                      ငြိမ်းချမ်းပျော်ရွှင်ကြပါစေ ။
Read more
Sunday, October 14, 2012
Linux Desktop ပေါ်က drive တွေဖြုတ်ချင်ရင်
linux  မှာ drive တွေကို ဖွင့်တိုင်း Desktop ပေါ်မှာပေါ်နေတက်ပါတယ် ။ Drive တွေပေါ်နေတော့ ဘာဖြစ်လဲ ဆိုရင် ဘာမှတော့မဖြစ်ပါဘူး ။ မျက်စိရူပ်လို့ဖြုတ်ချင်တယ်ဆိုရင်တော့
                  (1)   Terminal မှာ gconf-editor လို့ရိုက်ပေးပါ ။
                 (2) အောက်ပါပုံ အတိုင်းပေါ်လာရင်
                     apps ကို ဖြန့်ချလိုက်ပါ ။
                      အဲဒီမှာ nautilus အောက်က desktop ထဲ ကိုဝင်ပြီး volume_visible ကို အမှန်ခြစ်တပ်ထားရင် ဖြုတ်လိုက်ပါ ။
                        အဲဒီထဲမှာပဲ computer icon တို့ network icon တို့ ဖြုတ်လို့ ထည့်လို့ရပါတယ် ။
                                                                    ငြိမ်းချမ်းပျော်ရွှင်ကြပါစေ ။
Read more